ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ (၁၃-၉-၂၀၂၃)ရက်နေ့၊ (၀၆၃၀) အချိန်တွင် ကျင်းပပြုလုပ်သော ဝါတွင်းကာလ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်သည် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်တွင်းရှိ သံဃာတော်၊ ဆရာတော် (၁၇၅)ပါး၊ သီလရှင်(၂၅)ပါး၊ စုစုပေါင်းအင်အား (၂၀၀)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များအား ရေချိုးဆပ်ပြာနှင့် ခေါက်ဆွဲထုပ်များ လောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။