ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း စားသုံးဆီ ဈေးနှုန်း တည်ငြိမ်စေရေး၊ ဈေးကွက်အတွင်း စားသုံးဆီလွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူ (End User)များ ဝယ်ယူသည့်အချိန်ထိ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် (၁၁-၉-၂၀၂၃) ရက်နေ့၊ (၁၄၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။