ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က(၁)၊ မောဝ်ချယ်ရီခန်းမ၌ (၁၁-၉-၂၀၂၃)ရက်နေ့၊ (၀၉၀၀) အချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)က ထူးချွန်ကျောင်းသား/ သူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ထူးချွန်ကျောင်းသား/ သူများ၊ ဆရာ/ ဆရာမများ၊ စုစုပေါင်းအင်အား (၁၄၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။