ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးဆောက်လုပ်ရန်အတွက် လှူဒါန်းငွေများလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ရုံးခန်း၌ (၁၁-၉-၂၀၂၃)ရက်နေ့၊ (၀၉၃၀)အချိန်တွင် ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ဆောက်လုပ်ရန်အတွက် မြို့မိ၊ မြို့ဖ များမှ လှူဒါန်းငွေ စုစုပေါင်းငွေကျပ် (၂၅၀)သိန်းအား ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သိန်းငွေနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။