ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်ရှိ အခြေခံ ပညာကျောင်းများ၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင်၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ တိုင်းကျန်းမာရေးဦးစီးဌာန၊ သွားနှင့်ခံတွင်းကျန်းမာရေးဆရာဝန်ကြီးများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနအဖွဲ့တို့မှ ကျောင်းသား/ သူများအား နည်းစနစ်မှန်ကန်စွာ သွားတိုက်ခြင်း လက်တွေ့သရုပ်ပြမှုနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။