၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်၍ သတ်မှတ် အရည်အသွေး/ အလေးချိန်/ အရွယ်အစားမပြည့်မီသည့် ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်း တိုးမြှင့်ရောင်းချမှုမရှိစေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးသက်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။