၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မူဆယ်မြို့၊ အ.ထ.က(၂)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သက်ဆိုင်ရာ ကျောင်းအုပ် များထံသို့ နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာ များနှင့် ကျောင်းဝတ်စုံများအား ပေးအပ်ခဲ့ကြောင်း၊
အလားတူ ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းပေါင်းစုံမှ ဆရာ/မများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် သက်ဆိုင်ရာကျောင်းအုပ် များထံသို့ နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာ များနှင့် ကျောင်းဝတ်စုံများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။