မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်နှင့် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အ.ထ.က (ပေါင်)ကျောင်း၊ ရွှေရတုခန်းမ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူ များအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊အလားတူ ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်ရှိ အ.ထ.က (ချောင်းဆုံ)ကျောင်း သီရိရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေသည့် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင့် သတင်းရရှိပါသည်။