ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆန်ဆိုင်များအား သတ်မှတ် ထားသော ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားမှုများ မရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/ မရှိတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။