၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အ.ထ.က(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနား တွင် ကျောင်းနေအရွယ်ကလေးများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။