မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း တရုတ်(တိုင်ပေ)နိုင်ငံသား ၅၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦး၊ သီရိလင်္ကာ နိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁၂ ဦးနှင့် ဆီရာလီယွန်နိုင်ငံသား ၅ ဦး၊ စုစုပေါင်း (၁၂၈)ဦးတို့အား ထပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ မေ ၀၆ ရက်တွင် တရားမဝင် တရုတ်(တိုင်ပေ)နိုင်ငံသား ၅၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦး၊ သီရိလင်္ကာ နိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁၂ ဦးနှင့် ဆီရာလီယွန်နိုင်ငံသား ၅ ဦး၊ စုစုပေါင်း (၁၂၈)ဦးတို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပါသည်။ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသားများ၏ ဖွင့်ဟဝန်ခံချက်များ အရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- ရွှေကုက္ကိုလ်(KK Park)၊ မယ်ထော်သလေး နှင့် ကျောက်ခတ်နယ်မြေများရှိ နိုင်ငံခြားသားများ ငှားရမ်းထားသည့်နေရာ၊ အဆောက် အဦများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုလုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်းခံခဲ့ကြရသူများ ဖြစ်ကြသည်။ အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့်အဆင်ပြေ ချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။