၂၀၂၅ ခုနှစ် မေလ ၄ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာ အုပ်စုရှိ၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော သာမဏေများ ပရိယတ္တိ နွေရာသီသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရပ် အလိုက်သင်ကြားပို့ချပေးသော ဆရာ/မများ၊ အလှူရှင်နှင့် စေတနာရှင်များ တက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘာသာရပ်အလိုက် သင်ကြား ပို့ချပေးသော ဆရာ/ မများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ အလှူရှင်နှင့် စေတနာရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။