ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဈေးဖလုံကျေးရွာရှိ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ တကောကနုတ်ကျေးရွာအုပ်စု၊ ဈေးဖလုံကျေးရွာရှိ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။