ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေ(လွယ်ပြေ) ရပ်ကွက်၌ စတုတ္ထမူကြမ်း လူဦးရေအတည်ပြု လူဦးရေစာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ကော်မရှင်ဦးစီးအရာရှိတို့နှင့်အတူ လွိုင်မြေ(လွယ်ပြေ) ရပ်ကွက်၌ ထွေ/အုပ်၊ လဝက၊ ကော်မရှင်(၃)ဌာနတို့ ပူးပေါင်း၍ စတုတ္ထမူကြမ်းလူဦးရေအတည်ပြု လူဦးရေ စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။