၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)အသင်းမှ နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းတို့သည် မော်လမြိုင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ သွေးလှူဒါန်းနေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များအား အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။