ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကုန်သည်လမ်း၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးဂန္ဓီဆေး၌ မရှိ၍မလင်းသူမရှိစေရ ကွင်းဆင်း ကုသရေးအစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက် ကုသပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကုန်သည်လမ်း၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီး ဂန္ဓီဆေး၌ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် မရှိ၍မလင်းသူမရှိ စေရ အစီအစဉ်ဖြင့် ခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ မျက်စိဝေဒနာရှင်များအား ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ မျက်စိစမ်းသပ်ခြင်းနှင့် မျက်မှန်များအခမဲ့ပြုလုပ်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် မျက်စိဝေဒနာရှင်များအား ရေသန့်ဘူးများနှင့် မုန့်များဝေငှ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။