ကျောင်းသား/ သူများ စာမေးပွဲဖြေဆိုနေမှုူအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၃)နှင့် အ.ထ.က(၅) တို့၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက်နေမှုများနှင့် ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုူအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။