ကျောင်းသား/ သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်၊ ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးမှူး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)၊ အ.ထ.က(၂) စာစစ်ဌာနများနှင့် ဘီးလင်းမြို့နယ်၊ အ.ထ.က(ဘီးလင်း)၊ အ.ထ.က(တောင်စွန်း)စာစစ်ဌာန များသို့ သွားရောက်၍ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။