၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးသည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မူဆယ်မြို့၊ ၄၅ ကုန်း၊ မိုးသောက်ကုန်း မိဘမဲ့ဂေဟာ၌ ကလေးငယ်များအား နေ့လည်စာကျွေးမွေးခြင်းနှင့် ဂေဟာအတွက်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် အာလူးစသည့်အခြေခံပစ္စည်းများအား သွားရောက်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။