၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကျွဲခြံကုန်းရပ်ကွက်နှင့် မြိုင်သာယာရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှု ရှိ/ မရှိနှင့် အရေးပေါ် မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။