ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှု ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၁၀ အချိန်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင် မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူများအား ပြည်သူ့ စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။