၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မျက်စိဌာန၌ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၏ ဩဝါဒခံယူ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် တောင်တွင်းကြီးမြို့နယ်မှ အမြင်အာရုံချို့တဲ့သူ ၁၀၅ ဦးအား စက္ခုဒါနထာဝရ အလင်းရအောင် ကုသိုလ်ဖြစ်ကနဦး စစ်ဆေးပေးနေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။