ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ ဒက္ခိနာရုံဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ ဒက္ခိနာရုံဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၆၀ ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့် အညီ ဆောင်ရွက်စေရေးအတွက် ရှင်းလင်းပြောကြားခြင်း၊ ငွေကြေးကောက်ခံမှုမရှိစေရေးနှင့် မသမာမှုများ ဖြစ်ပေါ်မှုမရှိစေရေးအတွက် အထူးဆောင်ရွက်ရန်မှာကြားခြင်း၊ သတ်မှတ် အရေအတွက် ပြည့်မီစေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်မှာကြားခြင်း၊ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များအား သိရှိအောင်ပြုလုပ် ထားကြရန် အသေးစိတ်ရှင်းလင်းခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။