ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစော(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ၁၁-၂-၂၀၂၅ ရက်၊ ၁၀၀၀ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိပြည်သူများအား ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပေးချပြရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။