ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ၁၁-၂-၂၀၂၅ ရက်၊ ၁၃၀၀ နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဝါးတရာ စက်မှုဇုန်ရှိ ALPHA BEST ဖိနပ်စက်ရုံ၌ စက်ရုံလုပ်သားအင်အား ၁၀၀ ဦးတို့အား ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ Power Point ဖြင့် အသိပေးချပြရှင်းလင်းကာ စက်ရုံလုပ်သားများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင် ၁၀၀ အား ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။