(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်)ခန်းမ၌ (၇-၂-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း (ခရိုင် အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအက အဖွဲ့များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် သဘာဝဘေးဖြစ်ပွားမှုများတွင် လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဌာနများနှင့် လူမှုကူညီရေးအသင်းများအား ပြည်နယ် အစိုးရအဖွဲ့မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။