ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင် တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ (၁၀-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ရွှေလွန်းသံစဉ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လွိုင်လင်မြို့နယ်၊ ဘက်စုံသုံးအားကစားခန်းမရှေ့ လျှောက်လမ်း၌ ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။