မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်တည်ဆောက်မှုကြီးကြပ်ရေးကော်မတီဝင်များ နှင့်အတူ (၁၀-၁-၂၀၂၅)ရက်၊ (၀၉၀၀) အချိန်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သည့် ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်းအရှေ့(၈၊၉၊၁၀) လမ်းများ၌ ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။