ချောင်းရေမြင့်တက်စီးဆင်းမှုနှင့်အတူ မျောပါပျောက်ဆုံးပြီး သေဆုံးသွားသူအတွက် ထောက်ပံ့ ငွေပေးအပ်

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၉-၁-၂၀၂၅)ရက်၊ (၀၉၃၀)အချိန်တွင် စက်တင်ဘာလအတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် တောင်ကျရေများစီးဆင်းသဖြင့် ချောင်းရေမြင့်တက် စီးဆင်းမှုနှင့်အတူ မျောပါပျောက်ဆုံးပြီး သေဆုံးသွားသူအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-)အား သေဆုံးသူ၏ ဇနီးဖြစ်သူထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။