ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်မိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ (၉-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၂)၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်သည့် မိုင်းတုံ-မိုင်းဆတ်ကားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Steel Basket အခြေပြု ကျောက်စီ မြေထိန်းနံရံတည်ဆောက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။