ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဖာချယ်-ပန်ကျိုင်းလမ်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၃၂၀)သိန်းဖြင့် မြို့နယ်လမ်းဦးစီးဌာန၊ လမ်းကြီးကြပ်အဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ဖာချယ်-ပန်ကျိုင်းလမ်း အရှည် (၁)မိုင်၊ (၁၂)ပေအကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား (၇-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။