ရိုးချောင်းပြန်လည်တူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၇-၁-၂၀၂၅)ရက်၊ (၀၉၃၀)အချိန်တွင် ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သော သိမ်ငူရွာအနီးရှိ ရိုးချောင်းပြန်လည်တူးဖော်ခြင်း၊ ဖက္ကလိပ်ရိုးချောင်းပြန်လည်တူးဖော်ခြင်းနှင့် ကျိုက်ထိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ (၅၀)ပေ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။