ကောင်းမူးခမ်းစေတီတော်အား လုံးတော်ပြည့်ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ငြမ်းဆင်ခြင်းနှင့် ချေးချွတ်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၅၆)ဦးတို့နှင့်အတူ (၆-၁-၂၀၂၅)ရက်၊ (၀၈၀၀) အချိန်တွင် မြို့မရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ တည်ထားကိုးကွယ် လျက်ရှိသော ကောင်းမူးခမ်းစေတီတော်အား လုံးတော်ပြည့်ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန် အတွက် ငြမ်းဆင်ခြင်းနှင့် ချေးချွတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။