ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၁၁-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ရာဂီမုန်တိုင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည့် အဖွဲ့ (၆)ဖွဲ့တို့အား (၁)ဖွဲ့လျှင် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၀)သိန်းတို့အား သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။