စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/ မရှိနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ စိန်မိုင်းတုံ စက်သုံးဆီဆိုင်၌ (၁၉-၁၁-၂၀၂၄)ရက်၊ (၁၀၁၅)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းရှိ စက်သုံး ဆီဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/ မရှိနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။