ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ လွယ်ပြေရပ်ကွက်ရှိ ဝိဇ္ဇာရိယ် ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ (၁၉-၁၁-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။