ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၄-၁၁-၂၀၂၄)ရက်၊ (၁၁၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မူကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မူကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးချေးငွေအဆိုပြုလွှာများအား စိစစ်အတည်ပြုထောက်ခံတင်ပြနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။