ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေး မှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၁၂-၁၁-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မိုင်းကိုင်မြို့နယ်၊ ဆင်ခြေဖုံးမြောက်ကျေးရွာအုပ်စု၊ လွယ်လိုင်ကျေးရွာ၌ အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။