(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇-၁၁-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပင့်ကျောင်းသံဃာတော်(၅)တို့အား အရုဏ်ဆွမ်းနှင့် နဝကမ္မဆက်ကပ်လှူဒါန်းခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးက (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းပြောကြားခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ကံစမ်းမဲများ ဖောက်ပေးခြင်းတို့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။