မြေငှားဂရန် လျှောက်ထားသည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေး မှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ (၃၁-၁၀-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်တို့မှ မြေငှားဂရန် လျှောက်ထားသည့်မြေနေရာအား လုပ်ထုံလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။