စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ (၂၅-၁၀-၂၀၂၄)ရက်၊ (၀၇၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောင်သာယာရပ်ကွက်၊ ဘိုးဘွားရိပ်သာဝင် အတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။