မြေငှားဂရန် လျှောက်ထားသည့်မြေနေရာများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စာရေးများနှင့်အတူ (၂၄-၁၀-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် မိုးနဲမြို့နယ်၊ လွယ်ပြေရပ်ကွက်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးနှင့် နမ့်မော်ဆွမ့် ကျေးရွာအုပ်စု၊ ဆီဆုံ(အောင်သပြေ)ကျေးရွာတို့၌ မြေငှားဂရန် သက်တမ်းတိုးဆောင်ရွက်သည့် မြေနေရာ၊ ဂရန်အသစ်လျှောက်ထားသည့် မြေနေရာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။