၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ (၁-၁၀-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။