၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ဈေးရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက်များ၌ (၂-၁၀-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်/ တစ်အိမ်ဆင်း ကောက်ယူနေမှုအခြေအနေအား မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။