ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမ၌ (၃၀-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား အားပေး စကားပြောကြားခဲ့ပြီး သေဆုံးသူ(၁)ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် သေဆုံးသူ(၂၆)ဦးအတွက် စုစုပေါင်းငွေကျပ်သိန်း(၂၆၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။