သန်းခေါင်စာရင်းကောက်ယူမှု လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ (၂၆-၉-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းသား/ သင်တန်းသူများမှ သန်းခေါင် စာရင်းကောက်ယူမှု လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။