နားတိုးဆည်တာဘောင်ဘေး ရေတိုက်စားမှုကြောင့် ပြန်လည်ပြုပြင်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်းဟိန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာနေတောင်သူများ နှင့်အတူ (၂၃-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့မကျေးရွာအုပ်စုရှိ နားတိုးဆည်တာဘောင်ဘေး ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် တာဘောင်များမြေဖို့ခြင်း၊ သဲအိတ်များချထားခြင်း၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။