လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားစာရင်းစစ်၊ စာရင်းကောက်ယူရေး သင်တန်းပို့ချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ အ.ထ.က (၄) ကျောင်းရှိ မြပန်းသဇင်ခန်းမ၌ (၂၀-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ် သန်းခေါင်စာရင်းကော်မတီမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားစာရင်းစစ်၊ စာရင်းကောက်ယူရေး သင်တန်းပို့ချနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။