စက်သုံးဆီဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၉-၂၀၂၄)ရက်၊ (၁၄၀၀)အချိန်တွင် မြို့အတွင်းရှိ စက်သုံးဆီဆိုင် များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။