ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသခန်းမ၌ (၁၈-၉-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အရှေ့ ရပ်ကွက်၊ အနောက်ရပ်ကွက်၊ တောင်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ တုံခမ်း ရပ်ကွက်နှင့် လွယ်အွန့်အုပ်စု၊ စငေါအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ရေဘေးသင့်ပြည်သူ (၁၉၇၇)ဦးတို့ အတွက် ဆန်(၉)ပြည်ပါ ဆန်အိတ်(၈၂)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။